ကျောက်ဖြူမြို့နယ်၌ မိုးစပါးဧက ၄၆၀၉၅ ဧကစိုက်ပျိုးရန် လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ်၌ မိုးစပါးဧက ၄၆၀၉၅ ဧကစိုက်ပျိုးရန် လျာထား






MNP ၊  ဇူလိုင်  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးဧက ၄၆၀၉၅ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် စပါးများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


ကျောက်ဖြူမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအနေဖြင့်  ဆင်းသွယ်လတ်စပါး၊ ရွှေဝါ ထွန်းစပါး၊ ဧရာထွန်းစပါး စသည့်အထွက်ကောင်းမျိုးစပါးများကိုစိုက်ပျိုးပြီး မိုးကောင်းသောက် (မိုးရေ)ကိုအသုံးပြု၍ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းနှင့် ပျိုးထောင်စိုက်ပျိုးနည်းများဖြင့် စိုက် ပျိုးကြသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်လာ စေရန်အတွက် စပါးမျိုးကောင်းမျိုးသန့်များအား တောင်သူများထံသို့ဖြန့်ဖြူးပေးနိုင်ရန် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။


ယင်းအပြင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်၏မိုးစပါးစိုက်ဧကများ လျော့နည်းမှုမရှိစေ ရေး နှိုးဆော်ဆောင်ရွက်ခြင်း၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းစေဖို့ နှစ်စဉ်မျိုးသန့်မျိုးစေ့ပံ့ပိုး ပေးခြင်း၊ မြေဆီလွှာတွင်အဟာရဓာတ်ပါဝင်မှုစစ်ဆေးပေးခြင်း၊ အရည်အသွေးကောင်းမွန်စေရန် ဓာတ်မြေဩဇာစနစ်တကျအသုံးပြုစေခြင်း၊ မိုးစပါးစိုက်ဧကများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့် ပိုးရောဂါကျရောက်မရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို မြို့နယ်ဦးစီး မှူးနှင့် ကွင်းဝန်ထမ်းများက ကျေးရွာများသို့သွားရောက်ပြီး တောင်သူများထံသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း ကျောက်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)