MNP ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိနေသေးသည့် ဝန်ထမ်းနှင့်မိသားစုဝင်များကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ် ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူ (၈၆၅၁၇) ဦး၊ ဒုတိယအကြိမ်ထိုးနံပြီးသူ(၇၁၅၄၃)ဦး၊ ထပ်ဆောင်းထိုးနှံပြီးသူ (၁၁၀၂၅)ဦးရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစု ဝင်များကို အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment