မအီမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်


MNP ၊  ဇူလိုင်  ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း  ကျေးရွာအုပ်စုများရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မအီမြို့နယ် ကျောက်ဝေ၊ ဂျီဖြူတောင်၊ လက်ပံကျေးရွာအုပ်စုများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


"ယခင်က ကလေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုင်းမှာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး ဒါမှမဟုတ် ကျေးလက်ကျန်းမာရေးဦးစီးဌာနရှိရာ မအီမြို့သို့ သွားရောက်ထိုးနှံကြရပါတယ်။ ယခုလို ရပ်ကွက်များ၊ ကျေးရွာများအထိ  ကွင်းဆင်းပြီး ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးတဲ့အတွက် ကျွန်မတို့အတွက် သွားရေးလာရေး အဆင်ပြေတာကြောင့် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ကျေးဇူးအထူးပင်တင်ရှိပါတယ် " ဟု ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။


မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ထိုသို့ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ အတွင်း ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြည်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက် ရောင်၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း စသည်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)