သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်






MNP ၊ ဇူလိုင် ၆

မွန်ပြည်နယ်၊ သထုံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံမြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ဟောပြောပွဲတွင် သထုံမြိုနယ်ဥပ‌ဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟကျော်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါများဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေး၏ အဓိပ္ပါယ်နှင့် အမျိုးအစားများ၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများတို့ကို အကျယ်တဝင့် ‌‌ရှင်းလင်းပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က မိုင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများ၊ ဝန်းကျင်၌ မိုင်းအန္တရာယ်ကင်းဝေးရေး ဂရုပြုလိုက်နာသင့်သည့်အချက်များ စသည့် ဆောင်ရန်/ရှောင်ရန်တို့ကို ဆွေးနွေးဟောပြောကြရာ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားပြီး သိရှိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ‌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade(10) နှင့် Grade(11) ကျောင်းသူ/ကျောင်းသား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)