MNP - ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက သရက်ပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက သရက်ပင်ကျေးရွာအုပ်စု သရက်ပင်ကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း၏ ရည်ရွယ်ချက်များ၊ မူဝါဒများအား ရှင်းလင်းခြင်း၊ ကျေးရွာ၏အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲပြီးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရေးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီသွားမည့် အကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းလုပ်ငန်းများကို တုံလုံ၊ ဘနွဲ့ကုန်း၊ ရေပြစ်၊ ရန်ဘက်လို၊ အောင်ချမ်းသာ၊ အေးရွာ၊ ဈေးရွာ၊ ငပြောင်၊ သရက်ပင်၊ သင်တောင်း၊ ပေါက်ပင်ကွေ့၊ ကုန်းသာ ကျေးရွာများတွင် ဆောင်ရွက်သွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment