မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၀၀ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၀၀ စိုက်ပျိုး



MNP -ဇွန်  ၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးမိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၀၀ကို စိုက်ပျိုး ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧက အထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့် သီးနှံမှာ ဝါသီးနှံဖြစ်၍ ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်ဒေသခံတောင်သူ လယ်သမားမှာ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်လာနိုင်ရန် မြို့နယ်အတွင်းရှိ ဆည်ရေကန်ရေရရှိသည့် ကျေးရွာများတွင် ဆည်ရေကန်ရေများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါကို စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးလျက်ရှိရာမှ မြို့နယ်အတွင်း မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၅၇၂ ဧကစိုက်ပျိုးထားရှိပြီး ချည်မျှင်ရှည်ဝါ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ၎င်းစိုက်ဧကများအနက် မျိုးစေ့ ထုတ်လုပ်ငန်းအဖြစ် စိုက်ဧက ၄၀၀ ကို စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်သည်။ အဆိုပါမျိုးစေ့ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား မျိုးစေ့နှင့် လူးနယ်ဆေးကို အခမဲ့ပေးအပ်ခဲ့သည့်အပြင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းကို ဒေသခံတောင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းကို နားလည်တက်ကျွမ်းပြီး ကိုယ့်မျိုးကိုထားသည့် စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်နိုင်စေရန် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပညာပေးသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ် လုပ်ငန်းအဖြစ် စိုက်ဧက ၄၀၀ စိုက်ပျိုးထားရှိပြီး အဆိုပါ စိုက်ဧကများကို မကျီးစု၊ ကြာကန်၊ ဝါးရုံ၊ အိုင်ကြီးလည်ကျေးရွာတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။                                          


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)