ကလေးမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအတွက် ကိုဗစ်-၁၉ ကွယ်ဆေးများနှင့် အထောက်ကူပြုပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအတွက် ကိုဗစ်-၁၉ ကွယ်ဆေးများနှင့် အထောက်ကူပြုပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ

 


MNP - ဇူလိုင်   ၆


ကလေးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း မြို့နယ်များရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေးများနှင့် အထောက်အကူပြုပစ္စည်းများကို ဇူလိုင်လ (၄)ရက်နေ့က တပ်မတော်လေယာဉ်ဖြင့် ကလေးလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။


ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာသော ကာကွယ်ဆေးများကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရန်အတွက် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ကလးမြို့သို့ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်များကို ဒေသကွပ်ကဲရေးမှူး၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်နှင့် မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ လက်ခံရယူ၍ အခြားမြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)