ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် ဓမ္မစင်္ကြာဒေသနာတော် ဖွင့်ပွဲအကြိုအဖြစ် ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများစုပေါင်း၍ ဝတ်ရွတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် ဓမ္မစင်္ကြာဒေသနာတော် ဖွင့်ပွဲအကြိုအဖြစ် ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများစုပေါင်း၍ ဝတ်ရွတ်ပူဇော်ပွဲကျင်းပ



MNP - ဇူလိုင်  ၁၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဓမ္မစင်္ကြာအခါတော်နေ့(ဝါဆိုလပြည့်နေ့)တွင်ပြုလုပ်မည့်၊ ဓမ္မစင်္ကြာဒေသနာတော်ဖွင့်ပွဲအကြိုအဖြစ် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဝတ်ရွတ်အသင်းများ၏ ဒေသနာတော်ဝတ်ရွတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ ညနာရီအချိန်က  အဆိုပါဘုရားဝန်းအတွင်းရှိ အာရုံခံတန်ဆောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ စုပေါင်းဝတ်ရွတ်ပူဇော်ပွဲကို ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်ရှိ ဆုတောင်းပြည့် မဟာစေတီ ကြီးဘုရား ဂေါပကအဖွဲ့နှင့်အကျိုးတော်ဆောင်များက စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယခင်နှစ်များက ဝါဆိုလပြည့်နေ့တိုင်းနှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဓမ္မစင်္ကြာဒေသနာတော်ဖွင့်ပွဲကို၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလတွင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပဲ၊ ယခုနှစ်တွင် နှစ်စဉ်ကျင်းပမြဲအတိုင်း စီစဉ်ကျင်းပသွားမည်ဖြစ်သဖြင့် အခါတော်နေ့အကြိုအဖြစ် မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဝတ်ရွတ်အသင်းများအားဖိတ်ကြားပြီး စုပေါင်းဝတ်ရွတ်ပူဇော်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်က ပြောပါသည်။ စုပေါင်းဝတ်ရွတ်ပူဇော်ပွဲသို့ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပြည်တော်သာ၊ တမ္ပဝတီ(တောင်)၊ တမ္ပဝတီ (မြောက်)၊ ဘူတာ၊ လွတ်လပ်ရေး၊ စံပြ၊ မြို့မကွက်သစ်၊ မြို့မတောင်၊ အောင်မင်္ဂလာ၊ သီရိမင်္ဂလာ၊ မြို့မရပ်ကွက်နှင့်ဆူးတပ်ကျေးရွာတို့မှ အသင်းအဖွဲ့များ စုစုပေါင်း(၉၇)ဦး လာရောက်၍ ရွတ်ဖတ်ပူဇောခဲ့ကြ ကြောင်းသိရသည်။


အဆိုပါ စုပေါင်းဝတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဝတ်ရွတ်အသင်းသူအသင်းသားများနှင့် အကျိုးတော်ဆောင်များ၊ လိုက်ပါပို့ဆောင်သူများအား ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်နေ ဦးအောင် ဇော်လတ်+ဒေါ်စိုးစိုး မိသားစုမှ  အဟာရဒါနအဖြစ် ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)