MNP - ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ယမန်နေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ်အဖြစ် အရိပ်ရအပင်များ၊ သီးပင်၊ စားပင်များအား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment