ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူပေါင်း ၇ သန်းကျော် ရေဘေးဒဏ်သင့်ဟု ကုလသမဂ္ဂပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူပေါင်း ၇ သန်းကျော် ရေဘေးဒဏ်သင့်ဟု ကုလသမဂ္ဂပြောကြား





ဒါကာ ၊ ဇူလိုင် ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အရှေ့မြောက်ပိုင်းခရိုင်များတွင် ဇွန် ၁၅ ရက်ဝန်းကျင်တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းနှင့်အတူ မေလတွင် စတင်ခဲ့သည့် အကြီးအကျယ်ဖျက်ဆီးသော လျှပ်တစ်ပြတ် ရေကြီးမှု ဖြစ်ပွားမှုများကြောင့် လူပေါင်း ၇ ဒသမ ၂ သန်းခန့် ပြင်းပြင်းထန်ထန် ဘေးဒဏ်သင့်ခဲ့ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ 

ခရိုင် ၉ ခုအနက် ဆီလ်ဟက် ၊ ဆူနမ်ဂန် ၊ မူလီဗာဇာ ၊ ဟာဘီဂန် နှင့် နီထရာကိုနာ ခရိုင် ၅ ခုသည် ရေကြီးရေလျှံမှုဒဏ် အပြင်းထန်ဆုံးခံခဲ့ရကြောင်း ကုလသမဂ္ဂက ကြေညာချက်တွင် ပြောကြားခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက လူပေါင်း ၄၇၂,၀၀၀ ကျော်အား ကယ်ဆယ်ရေးစင်တာ ၁,၆၀၅ ခုသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ယင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခိုင်မာအားကောင်းသောဦးဆောင်မှုအောက်တွင် ကြီးမားသော လှုပ်ရှားဆောင်ရွက်မှုချိတ်ဆက်မိစေသည့် တုံ့ပြန်ရေးလုပ်ငန်းစဉ် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ကုလသမဂ္ဂ နှင့် NGO မိတ်ဖက်များက ဘေးဒဏ်သင့်မိသားစုများအား အစားအစာအကူအညီ ၊ သောက်သုံးရေ ၊ ငွေကြေး ၊ အရေးပေါ်ဆေးဝါးများ ၊ ရေသန့်စင်ဆေးပြားများ ၊ တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးပစ္စည်းများ နှင့် ပညာရေးအထောက်အကူများ ပေးအပ်ခြင်းဖြင့် ယင်းအားထုတ်မှုများအား ပံ့ပိုးကူညီပေးနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ 

ဇူလိုင် ၂ ရက် နှင့် ၃ ရက်တို့တွင် ကုလသမဂ္ဂ ၊ လူသားချင်းစာနာထောက်ထားမှု အလှူရှင်များ နှင့် NGO မိတ်ဖက်များ၏ ပူးတွဲအဖွဲ့က ရေဘေးဒဏ်သင့် ဆီလ်ဟက် နှင့် ဆူနမ်ဂန်ခရိုင်များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ 

ကြေညာချက်အရ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)သည် ကလေးသူငယ်များအား ကာကွယ်ရန် နှင့် ရေသန့် ၊ အာဟာရ နှင့် ကျန်းမာရေးဝန်ဆောင်မှု ၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန် ရေဘေးသင့်ဒေသများတွင် ရှိနေကြောင်း ဖော်ပြထားသည်။ 

UNICEF သည် အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းရန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း ပြည်တွင်းသုံးအရင်းအမြစ်များကို ပြန်လည်ခွဲဝေသတ်မှတ်ခဲ့ပြီး လူပေါင်း ၁ သန်းနီးပါးအား အသက်ကယ်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။ 

ထိုအတူ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)သည် ခရိုင်သုံးခုအတွင်းရှိ အိမ်ထောင်စု ၃၄,၀၀၀ အား အားဖြည့်ဘီစကွတ် ၈၅ တန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် UNFPA က  ကိုယ်ဝန်ဆောင်မိခင်များ ဆေးရုံတက်ရောက်ခွင့် နှင့် တာဝန်ကျဝမ်းဆွဲဆရာမများ ၂၄ နာရီ အရေးပေါ်သားဖွားအထောက်အပံ့ပေးရန်အတွက် လွှဲပြောင်းခြင်းအထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

UNFPA သည် ကိုယ်ဝန်ဆောင်မိခင်များ ဆေးရုံမီးဖွားခြင်းအတွက် စောင့်ဆိုင်းနေစဉ်အတွင်း မွေးလူနာစောင့်ဆိုင်းသည့်နေရာများအား လုပ်ကိုင်ပေးနေကြောင်း သိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က ဘေးဒဏ်သင့်ပြည်သူများအား ရေသန့်စင်ဆေးပြား ၂၅၀,၀၀၀ အား ထောက်ပံ့ပေးပေးခဲ့ကြောင်း သိရသည်။ 

ယင်းကြိုးပမ်းမှုများရှိသော်လည်း ရေကြီးရေလျှံမှုအတိုင်းအတာကြောင့် ကယ်ဆယ်ရေးပြတ်တောက်သည့် လက်လှမ်းမမီသော နေရာများ ရှိနေသေးကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ 

ရေကြီးရေလျှံမှုများ တစ်ဖြည်းဖြည်း လျော့နည်းသွားသော်လည်း နေအိမ်ပျက်စီးမှု အများအပြား ရှိခြင်းကြောင့် ကယ်ဆယ်ရေးစင်တာများသည် ပြည့်ကျပ်နေဆဲ ဖြစ်သည်။ 

ယင်းမှာ အထူးသဖြင့် အားနည်းသော အမျိုးသမီးများ ၊ မိန်းကလေးများ နှင့် ကလေးသူငယ်များအား နေရာ နှင့် လုံခြုံမှု မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

ထို့ပြင် ဘေးဒဏ်သင့်ဒေသများရှိ အမျိုးသမီး ၆၀,၀၀၀ ခန့်မှာ ကိုယ်ဝန်ဆောင်များ ဖြစ်ကြပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင် အမျိုးသမီး ၆,၅၀၀ ခန့်မှာ လာမည့်လတွင် မွေးဖွားမည့်သူများ ဖြစ်ကြသည်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုစင်တာများသည် ရေကြီးနစ်မြုပ်ကာ ပိတ်ထားရခြင်းနှင့်အတူ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကန့်အသတ် သို့မဟုတ် ရရှိခွင့်မရှိကြောင်း  သိရသည်။ 

ရေအနည်းငယ်ကျဆင်းသွားသည့်နေရာများတွင် ပျက်စီးသွားသည့် နေအိမ်များသို့ မိသားစုများ ပြန်သွားခဲ့ပြီး အခြားသူများသည် အပျက်အစီးများအား ဖယ်ရှားကာ ပြန်လည်တည်ဆောက်သွားမည် ဖြစ်သည်။ ပျက်စီးသွားသည့် တွင်းအိမ်သာများ နှင့် ရေအရင်းအမြစ်များကိုလည်း ပြန်လည်ပြုပြင်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ 

ကလေးများမှာ ကျောင်းတက်ရက် သုံးပတ် ပျက်ကွက်ခဲ့ပြီး ၎င်းတို့၏စာအုပ်များမှာ ရေထဲသို့ မျောပါသွားခဲ့သည်။ယင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် COVID-19 ရောဂါနှင့်ဆက်စပ်၍ စာသင်ကျောင်းများ ပိတ်သိမ်းခြင်းကြောင့် ကျောင်းပညာဆုံးရှုံးခြင်း၏ အမျာဆုံး ဖြစ်ပေါ်ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်သည် အပြင်းအထန်ထိခိုက်ခဲ့သည့်ခရိုင် ၅ ခုရှိ လူပေါင်း ၁ ဒသမ ၅ သန်းကျော်အတွက် မရှိမဖြစ်လိုအပ်ချက်များအား ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၄ သန်း ကူညီရန်မေတ္တာရပ်ခံထားကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

မကြာသေးမီက ရေကြီးရေလျှံမှုကြောင့် ဘေးဒဏ်သင့်သူများအား ကူညီဆောင်ရွက်ပေးရန် ဇူလိုင် ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC) ကိုယ်စား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်ခြေနီအသင်း(BDRCS)သို့ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။


Ref: (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)