ဥကရစ်ထ စခန်းအား အကြမ်းဖက်သမားများအန္တရာယ်မှ ကာကွယ်နေသော ရဲဝံ့စွန့်စား တပ်မတော်သားများအား ပြည်သူများက စားနပ်ရိက္ခာများ ထောက်ပံ့ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥကရစ်ထ စခန်းအား အကြမ်းဖက်သမားများအန္တရာယ်မှ ကာကွယ်နေသော ရဲဝံ့စွန့်စား တပ်မတော်သားများအား ပြည်သူများက စားနပ်ရိက္ခာများ ထောက်ပံ့ဂုဏ်ပြု





MNP ၊ ဇူလိုင် ၃

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဥကရစ်ထ စခန်းအား KNLA, PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်နေခြင်းအား မဆုတ်တမ်း ခံစစ်ဖြင့် အကြမ်းဖက်သမားများကို ချေမှုန်းတိုက်ခိုက်ခဲ့သော တပ်မတော်သားများအတွက် တပ်မတော်ထောက်ခံအားပေးသူများမှ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းဂုဏ်ပြုလျက်ရှိကြောင်း သိရသည်။

တပ်မတော်ကို ထောက်ခံအားပေးသည့် ပြည်သူများမှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်ရာ၊ အသုံးအဆောင် ပစ္စည်းများ ဥကရစ်ထစခန်းသို့ ရောက်ရှိကြောင်း ရေးသားဖော်ပြမှုများကို တွေ့မြင်ရသည်။

တရားမဝင်မီဒီယာများအနေဖြင့် လူမူကွန်ယက်စာမျက်နှာများနှင့် Online ပေါ် တွင် ဥကရစ်ထစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်း အဖွဲ့ လက်အောက်သို့ကျရောက်သွားကြောင်း၊ အရာရှိ၊ စစ်သည်များစွာကျ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရကြောင်း သတင်းမှားများအမျိုးမျိုး ထုတ်လွှင့် ဖော်ပြ၍ ဝါဒဖြန့်မှုများ ရှိနေပြီး အမိမြေကို ကာကွယ်နေသည့် တပ်မတော်သားများအတွက် ပြည်သူများ၏ စိုးရိမ်မှုရေချိန် မြင့်တက်လာခဲ့သည်။


အကြမ်းဖက်သမားများက သာလွန်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဥကရစ်ထ စခန်းရှိ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ မဆုတ်မနစ် ကြံကြံခိုင်သော လှေခွက် ချည်းကျန် အလံမလှဲ စိတ်ဓာတ်တို့ဖြင့် KNLAနှင့် ပြည်ပအားကိုးသည့် အကြမ်းဖက် သမားများ၊ PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ ဇွန် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် မြေပြင်ပစ်ကူနှင့် လေကြောင်းပစ်ကူ ထိထိရောက်ရောက်ရယူကာ အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင်လည်း ရာသီဥတုနှင့် အခြားသောမြေအနေထား ကန့်သတ်ချက်ရှိသည့် အကြားမှ စခန်းအရောက် စစ်ကူ၊ ပစ်ကူ လာရန်ချီတက်ကြသည့် စစ်ကြောင်းများနှင့် တပ်ချင်းဆက်၍ ပူးပေါင်းမိကာ ဥကရစ်ထစခန်းနှင့်ပတ်ဝန်းကျင် တစ်ဝိုက်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ဥကရစ်ထနယ်မြေ ထိတွေ့တိုက်ပွဲဖြစ်စဉ်များတစ်လျောက် ပြည်ပလက်ဝေခံ KNLA အုပ်စုအချို့နှင့် အကြမ်းဖက်အုပ်စုတို့၏  သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ကိုလည်း တရားမဝင်မီဒီယာများတွင်သနားစဖွယ်နှင့် အလှူငွေများ ပိုမိုရရှိ ကောက်ခံ နိုင်ရေး  နေ့စဉ်ဖော်ပြမှုများကိုလည်း တွေ့ရှိရသည်။


ဥကရစ်ထစခန်း ရန်သူ့လက်သို့ဆုံးရှုံးမှုမရှိအောင် ရွပ်ရွပ်ချွံချွံ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်ခဲ့သော တပ်မတော်သားများ၊ မြေပြင်ပစ်ကူအပါအဝင် လေကြောင်းပစ်ကူ အဆက်မပျက်ပေးခဲ့သော တပ်မတော်သား များနှင့် ရဲဘော်၊ ရဲဘက်စိတ်ဖြင့် တပ်ချင်းဆက်၍ အချိန်မီ စစ်ကူသွားရောက်နိုင်ခဲ့သော တပ်မတော်သားများ၏ စခန်းအတွင်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ပြိုလဲမှုမရှိအောင်၊ ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး ရဲသော်မသေ၊ သေသော်ငရဲမလား မြင့်မြတ် သည့်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ်ခဲ့ကြသော သူရဲကောင်း အာဇာနည် တပ်မတော်သား ညီနောင်အပေါင်းကို ကျွန်ုပ်တို့ မြန်မာနေရှင်နယ်ပို့ ဝိုင်းတော်သားများက ဦးညွှတ်ဂုဏ်ပြုပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)