လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ဥပဒေအကြောင်းသိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ဥပဒေအကြောင်းသိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



MNP - ဇူလိုင်  ၃


ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် သတင်းအမှား/အမှန် ခွဲခြားသိမြင်ပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်မှုမရှိစေရေးအတွက် ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးခင်ဇော်ကအဖွင့်အမှာစကားပြောကြားပြီး သတင်းအမှား/အမှန်ခွဲခြားနိုင်ရေးအတွက် သတင်းများဖြစ်ပေါ်လာနိုင်သည့်သဘောတရား၊ သတင်းအရင်းအမြစ်များ၊ အချက်အလက်များ သုံးသပ်ခြင်းစသည့် အကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်သင်းလဲ့ရီကဥပဒေဆိုင်ရာ အချက်အလက်များ အကြောင်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ် နယ်မြေရဲစခန်းမှ နယ်ထိန်းသန်းဌေးက သက်ငယ်မုဒိန်းမှု၊ ကာကွယ်ခုခံမှုဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟော‌ပြောခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)