MNP - ဇူလိုင် ၁၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ နယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တီးတိန်မြို့နယ်၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာ ဆွလိမ်ကျေးရွာအနီးတွင် ယနေ့နံနက် (၀၇:၄၀) နာရီအချိန်က ဖလမ်း-ကလေးသွားကားမ အကျယ်(၁)ပေ၊ အရှည်(၃၀၀)ပေခန့်ရှိ လမ်းအက်ကွဲကြောင်း ဖြစ်ပေါ်သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရဘေဲ မော်တော်ဆိုင်ကယ်များသာ သွားလာ၍ရကြောင်း သိရသည်။
ထိုသို့ လမ်းအက်ကွဲကြောင်း ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များ သွားလာ၍ မရသဖြင့် ဟားခါးမြို့၊ လမ်းအထူး(၁၀)မှ AEဦးငင်ခန့်ပေါင်ထံသို့ သတင်းပေးပို့ ထားရှိပြီးဖြစ်ကြောင်း ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူးမှ သိရသည်။
သတင်း - ကိုရှိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment