ထန်းတပင်မြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ



MNP - ဇူလိုင်  ၂၄


တောင်သူများ စပါးအထွက်နှုန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရွှေဇာခြည်ကုမ္ပဏီတို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာရှိ ရွှေဇာခြည်စပါးအခြောက်ခံ စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းထွန်းဝင်းတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ရွှေဇာခြည်ကုမ္ပဏီနှင့် ဂရိတ်ဝေါလ်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက တောင်သူများနှင့် အကျိုးတူဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် မျိုးစပါးများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ မြေမျိုးပိုးတာဝန်ခံများက နည်းပညာပေးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် တောင်သူဒေသခံတောင်သူများကလည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မေးမြန်းခဲကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)