ပန်းတောင်းမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ



MNP - ဇူလိုင်  ၂၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ပန်းတောင်း၏ ၂၀၁၉/၂၀၂၀၊ ၂၀၂၀/၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့က အ.ထ.က ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အ.ထ.က ပန်းတောင်း ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာသီးချင်း" ဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ ကျောင်းအကျိုးတော်ဆောင်ဒုဥက္ကဋ္ဌ ဦးလှကျော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူတို့မှအမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ဆုများကိုချီးမြှင့်ပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြှင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး


ပေးအပ်ခဲ့သည်။ အ.ထ.က ပန်းတောင်း ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)