လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်




MNP - ဇူလိုင်  ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင် ယမန်နေ့မွန်းလွဲ(၄)နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များသည် အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လားရှိုးခရိုင်အသင်းနှင့် တောင်ကြီးခရိုင်အသင်း ယှဉ်ပြိုင်ကစား နေမှုများကိုလည်းကောင်း၊ အမျိုးသားဘတ်စကက်ဘောဗိုလ်လုပွဲစဉ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဉ်ပြိုင်ကစားနေမှု အားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျောက် ပါဝင်ကူညီခဲ့ကြသော ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကို ရှမ်းပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် မြို့မိမြို့ဖများမှပေးအပ်ခဲ့ပြီး၊ အမျိုးသား/ အမျိုးသမီးနေရာအလိုက် အကောင်းဆုံးဆုရရှိသော အားကစားသမားများ၊ အမျိုးသား(၃)ယောက်တွဲ ဘတ်စကက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ဒုတိယဆုရရှိသော လားရှိုးခရိုင်အသင်းအား လည်းကောင်း၊ အမျိုးသမီး(၃)ယောက်တွဲ ဘတ်စကက်ပြိုင်ပွဲတွင် ပထမဆုရှိသော လားရှိုးခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းအားလည်းကောင်း၊ အမျိုးသား(၅)ယောက်တွဲ ဘတ်စကက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း၊ ဒုတိယဆုရရှိသော တောင်ကြီးခရိုင်အသင်း၊ တတိယဆုရရှိသော လားရှိုးခရိုင်အသင်းအားလည်းကောင်း၊ အမျိုးသမီး(၅)ယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော လားရှိုးခရိုင်အသင်း၊ ဒုတိယဆုရရှိသော တောင်ကြီးခရိုင်အသင်း၊ တတိယဆုရရှိသော ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအားလည်းကောင်း ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးဆု ရရှိသူများအတွက် ဆုချီးမြှင့်ငွေစုစုပေါင်းမှာ ကျပ်(၃၉)သိန်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)