MNP - ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင်၁၃၈၄ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါ တော်နေ့) အခါသမယ ယနေ့သည်မြန်မာတို့၏ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်( ဓမ္မစကြာအခါတော်နေ့)ဖြစ်သည်နှင့်အညီ တွံတေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇတများတိုးပွားလာစေရေးနှင့် ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး တို့အတွက်တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုအတွင်းရှိ မချောချောင်း သဘာဝချောင်းရေပြင်အတွင်းသို့ ယနေ့နံနက် ၈နာရီခွဲအချိန်က ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်၊ ရန်ကုန်တောင်ပိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်မှူး ဦးအေးနိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးတင်မောင်ထွဋ်၊တွံတေးငါးလုပ်ငန်းစခန်းတာဝန်ခံဦးရဲဝင်းသောင်းနှင့်တွံတေးငါးလုပ်ငန်းစခန်းမှစခန်းမှဝန်ထမ်းများက မချောချောင်းအတွင်းသို့ ပဲ့ထောင်စက်လှေဖြင့်နှစ်လက်မငါးခုမ်းမကြီးကောင်ရေ(၃၀၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရ သည်။
သတင်း - မျိုးလှိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment