MNP - ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇နာရီအချိန်က ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်းများက ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူပြီး ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဘဒ္ဒန္တကောဝိဒ (ဝစီပိတ် ဆရာတော်)ထံမှ ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြသည်။
ဆက်လက်ပြီး ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၊ သံဃာတော်များနှင့်အတူ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဝါဆိုလပြည့်နေ့ဇီဝိတဒါနအဖြစ် ငါးမျက်ဆံနီ (၄၀၀၀)၊ ငါးခူ(၁၀၀၀) တို့ကို ကျိုင်းဖောင်းချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment