MNP - ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစား ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)ပြေးပြိုင်ပွဲနှင့် မီတာ(၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲ၏ ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများ နှင့် အားကစား ဝါသနာရှင်များက ကြည်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြု ဆုငွေကိုလည်းကောင်း၊ မီတာ(၁၀၀) ပြိုင်ပွဲတွင် အမျိုးသမီး ပထမဆုရရှိသော ပုလောမြို့နယ်မှ မအေးသီဝင်း၊ ဒုတိယဆုရရှိ သောကော့သောင်းမြို့နယ်မှ မလှလှဌေး၊ တတိယ ဆုရရှိသော သရက်ချောင်းမြို့နယ်မှ မတင်မိုးအေး၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဘုတ်ပြင်းမြို့နယ်မှ မောင်အောင်ဆန်းဗိုလ်၊ ဒုတိယဆုရရှိသော ပုလောမြို့နယ်မှ မောင်အောင်မင်းမြတ်၊ တတိယဆု ရရှိသော ရေဖြူမြို့နယ်မှ မောင်ထွန်းဝင်းကျော် အားလည်းကောင်း၊ မီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် အမျိုးသား ပထမဆုရရှိသော လောင်းလုံး မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ တတိယဆုရရှိသော ဘုတ်ပြင်းမြို့နယ်အသင်း၊ အမျိုးသမီး ပထမဆုရရှိသော သရက်ချောင်းမြို့နယ် အသင်း၊ ဒုတိယဆုရရှိသော ကော့သောင်းမြို့နယ်အသင်း၊ တတိယဆုရရှိသော လောင်းလုံးမြို့နယ် အသင်းများအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသမီးပြိုင်ပွဲ အမှတ်အများဆုံးရရှိသည့် ကော့သောင်းမြို့နယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ အမှတ်အများဆုံးရရှိသည့် သရက်ချောင်းမြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment