MNP ၊ ဇူလိုင် ၁၂
ယနေ့ဝါဆိုလပြည့်နေ့၌ ပေါင်မြို့နယ်၊ ကျောက်သဘ်ောရေတံခွန်(ဇင်းကျိုက်ရေတံခွန်)၌ စည်းကားလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ရှိ ကျောက်သင်္ဘောရေတံခွန်(ဇင်းကျိုက်ရေတံခွန်)တွင် အများပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာအပန်းဖြေနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး
အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ကျော်နိုင်ဦး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မျိုးလှိုင်၊ မြို့အုပ်ချုပ်ရေးမှူး၊ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရေတံခွန်ကြီးကြပ်ရေးကော်မတီများ၊ ကြက်ခြေနီအသင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သည့် စုစုပေါင်းအင်အား(၈၀)ခန့်ဖြင့် ကွပ်ကဲရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ယာဉ်လမ်းကြောရှင်းလင်းရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးပေါ်ဆေးပေးခန်းများ စီစဉ်ဆောင်ရွက်ထားလျက်ရှိကာ စနစ်တကျ နေရာချကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ဝေးရပ်နီးမှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment