အဘယာဇိန ဆုတောင်းပြည့်ဘုရား ထီးတော်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဘယာဇိန ဆုတောင်းပြည့်ဘုရား ထီးတော်တင်





MNP - ဇူလိုင်  ၁၁


မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့လုလင်အုပ်စု၊ ကွမ်းခြံရွာ အာဘယာဇိန ဆုတောင်းပြည့်ဘုရား ထီးတော်တင်လှူပွဲကို ယနေ့ နံနက် ၈ နာရီတွင် အလှူရှင် ဦးဌေးလင်း၊ ဒေါ်ခင်နွဲ့မိသားစုမှ   ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မြို့သစ်မြို့ သက်တော်ရှည်ဆရာတော်ဘုရားကြီးဖြစ်သော မြို့ဦးကျောင်းတိုက်ဆရာတော်မှ (၉)ပါးသီလ ချီးမြှင့်ပြီး အနုမောဒနာတရား ဟောကြားကာ ပရိတ်တရားတော်များ ချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။


ယင်းနောက် အလှူရှင်မိသားစုများမှ ရွှေထီးတော်အား မြို့သစ်မြို့ သက်တော်ရှည်ဆရာတော် ဘုရားကြီးဖြစ်သော မြို့ဦး ကျောင်းတိုက်ဆရာတော်ထံ ကပ်လှူပြီး ဆရာတော်များထံမှ ပြန်လည် ပင့်ဆောင်ကာ စေတီတော်အား လင်္ကျာရစ်(၃)ပတ်လှည့်လည် အပူဇော်ခံ၍ ယာယီစံကျောင်းတွင် ခေတ္တအပူဇော်ခံခဲ့သည်။


ဆက်လက်ပြီး ရွှေထီးတော်အား လက်ဆင့်ကမ်း သယ်ဆောင်ကာ တင်လှူ ပူဇော်ခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက စေတီတော်အား ဘုရား အနေကဇာတင် ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရွှေထီးတော်တင်လှူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)