MNP - ဇူလိုင် ၁၁
ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်အတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဝင်းသရက်ကျေးရွာနှင့် ထန်းပင်ကုန်းကျေးရွာသို့ ဆက်သွယ်သည့် မြေသားတာဘောင်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (Box Culvert) နှစ်စင်းအပါအဝင် ၄၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(၁၀၆.၀၀)ကျပ် သန်းအကုန်ကျခံကာ လမ်းအရှည် (၁/၂.၇၅၈) မိုင်၊ လမ်းအကျယ် (၁၆) ပေအကျယ်၊လမ်းအမြင့်(၃)ပေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုစံထံမှသိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment