ကျောက်ဆည်မြို့နယ် ကျေးရွာ(၄)ရွာ၌ သောက်သုံးရေဖူလုံရေး ရေပေးဝေးရေးလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကျေးရွာ(၄)ရွာ၌ သောက်သုံးရေဖူလုံရေး ရေပေးဝေးရေးလုပ်ငန်းများ ဆောင်ရွက်ပေး




MNP - ဇူလိုင်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ၌ သောက်သုံးရေဖူးလုံရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ကြောင်း သိရှိရသည်။


ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၂.၀၀) ကျပ်သန်းဖြင့် ဥယျာဉ်ကျေးရွာတွင် ရေဂါလံ (၂၄၀၀) ဆံ့ စင်မြင့်ရေစင်(၁)စင်နှင့်တွဲ၍ (၁၀x၁၀x၁၀) ပေ ရေစက်ရုံ(၁)ရုံ၊ ခွင့်ပြုရန်ပုံငွေ (၁၆.၃၀၉) ကျပ်သန်းဖြင့် ငှက္ကတောင်ကျေးရွာတွင် ရေဂါလံ (၂၄၀၀) ဆံ့ စင်မြင့်ရေစင်(၁)စင်နှင့် (၂) လက်မအကျယ် PVC ပိုက်အရှည်(၂၈၀၀)ပေ သွယ်တန်းပေးခြင်း၊ ခွင့်ပြုရန်ပုံငွေ (၃၄.၆၇၇) ကျပ်သန်းဖြင့် အရှေ့ငယ်တိုးကျေးရွာတွင် (၄)အကျယ်၊ အနက် (၅၀၀) ပေ စက်ရေတွင်း(၁)တွင်း၊  ရေဂါလံ (၂၄၀၀) ဆံ့ စင်မြင့် ရေစင်(၁)စင်၊ (၅x၅x၇) ပေရေစက်ရုံ (၁) ရုံ၊ (၂)လက်မအကျယ် PVC ပိုက်အရှည် (၅၂၈၀) ပေသွယ်တန်းပေးခြင်း၊ ခွင့်ပြုငွေ(၃၂.၉၈)ကျပ်သန်းဖြင့် ကုန်းကြီးကျေးရွာတွင် အကျယ် (၄) လက်မ၊ အနက်(၄၀၀)ပေ၊ စက်ရေတွင်း (၁)တွင်းနှင့် ရေဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင် (၁) စင်နှင့်တွဲ၍ ရေစက်ရုံ(၁)ရုံ၊ ကျေးရွာအတွင်း ရေပေးဝေရေးအတွက် အကျယ် (၂) လက်မ (VPC) ရေပိုက်အရှည် (၁)မိုင်သွယ်တန်းပေးခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရှိရသည်။


အဆိုပါရေပေးဝေရေးလုပ်ငန်းများ ပြီးစီးသွားပါက ဥယျာဉ်ကျေးရွာမှ အိမ်ခြေ(၁၀၀)အိမ်၊ လူဦးရေ (၄၂၀)ဦး၊ ငှက္ကတောင်ကျေးရွာမှ အိမ်ခြေ(၂၅၃)အိမ်၊ လူဦးရေ(၁၁၉၅)ဦး၊ အရှေ့ငယ်တိုးကျေးရွာမှ အိမ်ခြေ (၆၇၅)အိမ်၊ လူဦးရေ(၃၂၁၉)ဦး၊ ကုန်းကြီးကျေးရွာမှ အိမ်ခြေ(၄၇၆) အိမ်၊ လူဦးရေ(၂၀၇၇)ဦး အတွက် ရာသီမရွေး သောက်သုံးရေများဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ကျွဲ၊ နွားတိရစ္ဆာန်များအတွက်လည်း သောက်သုံးရေများ ပြည့်စုံသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)