မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် Video Conferencing ဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် Video Conferencing ဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 



MNP - ဇူလိုင်    ၃၀


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် Video Conferencing ဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က အမှာစကားပြောကြားရာ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Software များ ရေးသွင်းရာတွင် VPN အခက်အခဲများ အဆင်ပြေချောမွေ့စေ‌ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံချက်တာဝန်များကို တက်ညီလက်ညီဆောင်ရွက်စေလိုကြောင်း၊ အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာကြသည့် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများမှ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များ အပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)