ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


MNP - ဇူလိုင် ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက် ခဲ့ကြပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ သစ်ပင် ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရှိုက်များကို မော်တော်ယဉ် များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့သွားရောက် စွန့်ပစ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


သန့်ရှင်းရေးပြုလုပ်သည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စုစုပေါင်းအင်အား ၃၀၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)