MNP - ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစားဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးလူမော်က ကျောင်းသားကျောင်းသူ လူငယ်လူရွယ်လေးများအား လူ့လောကမှာ စာတတ်ဖို့သာမက ပညာတတ်ဖို့အရေးကြီးကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက ဘဝမှာဖြစ်သလို မနေကြဘဲ အသိပညာဗဟုသုတ တိုးပွားအောင်လေ့လာပြီး ပညာတတ်ဖို့ပါကြိုးစားကြရန် လိုကြောင်းနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက အားကစားပစ္စည်းများအား အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဌေးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment