မုဒုံမြို့၌ အသက်(၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ အသက်(၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး



MNP - ဇူလိုင်  ၅


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အသက် (၁၈)နှစ်အောက် ကျောင်းသား / သူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၇)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က  ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဖများထံမေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ဇူလိုင် ၄ ရက်နေ့က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူ (၃၄၀၃)ဦးနှင့် အသက် (၁၂)နှစ်အထက်မှ အသက် (၁၈)နှစ်အထိ ကျောင်းသား/ သူ (၅၉၈)ဦးတို့အား  ဒုတိယအကြိမ်ထိုးနှံပေးခဲ့သည်။


ယခုစာသင်နှစ်၌ ဖွင့်လှစ်နေသည့် အခြေခံပညာကျောင်း ၁၀၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၃ ကျောင်း စုစုပေါင်း (၁၀၈) ကျောင်းအပြင် မွန်စာသင်းကျောင်းရှိ အသက် (၁၈)နှစ်အောက် ကျောင်းသား၊ သူများကို ဇွန် ၂ ရက်နေ့မှ စတင်ကာထိုးနှံပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်)ကို  အသက် (၅)နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသာ/သူ (၂၁၅၃၀)ဦးနှင့် အသက်(၁၂)အထက်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူ (၃၄၁၄)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။


သတင်း - အောင်မျိုးသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)