ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တောင်ကြီးမြို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တောင်ကြီးမြို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ




MNP ၊ ဇူလိုင်  ၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့် အတူ ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများအားတွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို အဓိကထားသင်ယူကြရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ် ခေါင်းဆောင်များ၊ နိုင်ငံအင်အားများဖြစ်၍ အရည်အချင်းနှင့်ပြည့်စုံပြီး အားကိုးအားထားပြုနိုင်သည့်လူငယ်များ ဖြစ်ရန်လိုကြောင်း၊ ပညာတတ်လူတော်လူကောင်းများဖြင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်၍ ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်မှ ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ တိုးတက်မှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွင့်လှစ်ပြီး လူငယ်များကျန်းမာကြံ့ခိုင်ရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာသင်ချိန်တွင် ပညာရေးကိုသာ စိတ်ဝင်စားပြီး ဆုံးခန်းတိုင်အောင်မြင်ပြီးမြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း စည်းကမ်းကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းသော လူငယ်များဖြစ်အောင်ကြိုးစားရန်လိုအပ်ကြောင်း၊ မိဘဆရာများ၏ သွန်သင် ဆုံးမသင်ကြားပြသမှုများကို လေးစားလိုက်နာကျင့်ကြံကြပြီး နိုင်ငံသားကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာဆရာမများအနေဖြင့်လည်း မိမိတို့၏တပည့်များကို စာတတ်အောင်သာမက အသိပညာဗဟုသုတ ပြည့်စုံပြီး ဘက်ပေါင်းစုံတွင်ထူးချွန်ထက်မြတ်သည့် သားကောင်းရတနာအဖိုးတန်လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြပါရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ကျောင်းများ၏ ကျောင်းစာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ စာအုပ် စာစောင်များကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများကိုလည်းကောင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများအား ပေးအပ်ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့ ထပ်ဆင့်လွှင့်စက်ရုံအား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)