ကျောက်ဆည်မြို့တွင် ပဲစင်းငုံ (၁၆၉၁) ဧက လျာထားစိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့တွင် ပဲစင်းငုံ (၁၆၉၁) ဧက လျာထားစိုက်ပျိုး



MNP - နိုဝင်ဘာ  ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံထွက်ရှိမှု လျောနည်းမှုမရှိရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲစင်ငုံ (၁၆၉၁) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ပဲစင်ငုံသီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံ၊ ဝါသီးနှံ၊ နှမ်းသီနှံများအား သီးညှပ်အဖြစ်တွဲဖက်ပြီး အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ သီးညှပ် သီးနှံများ ရိတ်သိမ်းချိန်တွင် မြေဆွခြင်း၊ပေါင်းလိုက်ခြင်းများနှင့် လိုအပ်သည့်ဖျန်းဆေးများ ဖြန်းပေးခြင်းဖြင့်အပင်များ ကြီးထွားသန်မာ၍ အပွင့်များဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် ပဲစင်ငုံသီးနှံများကို ကလေး၊ မှိုင်းပန်၊ ကုလားကျောင်း၊ ရဲဘော်ကြီးနှင့် ရဲယမန်း ကျေးရွာအုပ်စုများတွင် (၁၄၉၁) ဧက၊ သံရွာ၊ ပေါင်လောင်၊ တောင်တောနှင့် ကင်းကျေးရွာအုပ်စုများတွင်  (၂၀၀) ဧက စုစုပေါင်း (၁၆၉၁) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် သီးနှံစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နည်းပညာများ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးမှူးဦးကနေဒီထွန်းက ပြောပြသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)