မွန်ပြည်နယ် ဝန်ကြီးချုပ် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်သော အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်များအား တံဆိပ်ချီးမြှင့်‌ပေးအပ်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်သော အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်များအား တံဆိပ်ချီးမြှင့်‌ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 


MNP - ဇူလိုင်  ၂၄


မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဟိုတယ်လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်လုပ်ဆောင်မှုကြောင့် အမျိုးသားအဆင့် (Enchanting Myanmar Health & Safety Protocol) အသိအမှတ်ပြု တံဆိပ်ရရှိသည့် ဟိုတယ်များအား တံဆိပ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန်က Golden River Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် ပေးအပ်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများဟာလည်း ကျဆင်းသွားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါကြောင်း ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်မြှင့်တင်ပေးနိုင် ရေးတို့အတွက် (Enchanting Myanmar Health & Safety Protocol)  အစီအစဉ်ကို ဆက်စပ်ဝန်ကြီးဌာနများ အသင်းအဖွဲ့များနှင့် ပေါင်းစပ်၍ ရေးဆွဲဆောင်ရွက်ထားရှိပြီး ဒေသအဆင့်နှင့် နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လွယ်ကူချောမွေ့စေရန်အတွက် ဟိုတယ်နှင့်တည်းခို ရိပ်သာများမှ ဝန်ထမ်းများအား သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း အသိအမှတ်ပြု လက်မှတ်လျှောက်ထားခြင်းကို Digital စနစ်ဖြင့် ဆောင်ရွက်ထားရှိပါကြောင်း အသိအမှတ်ပြု လက်မှတ်ရရှိထားမှသာ လာရောက်တည်းခိုတဲ့ ခရီးသွားဧည့်သည်များ၏ ယုံကြည်စိတ်ချမှုကိုလည်းရရှိမှာဖြစ်ပါတယ်။ အသိအမှတ်ပြု ဟိုတယ်များ၏ အမည်စာရင်းကိုလည်း  ပြည်နယ်အစိုးရ Website များမှာ လွှင့်တင်ဆောင်ရွက် သွားမှာဖြစ်လို့  ဈေးကွက် စီးပွားရေး လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်မှာဖြစ်ပါကြောင်း ဆက်လက်ပြီး အမျိုးသားအဆင့် အသိအမှတ်ပြု လင်မှတ်ရရှိသည့် ဟိုတယ်များလည်း ထပ်မံရှိသေးကြောင်း သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်များကို အချိန်မဆိုင်းဘဲ မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ခရီးသွားဧည့်သည်များ စိတ်ကျေနပ်ပျော်ရွှင်၍ စိတ်အေးချမ်းသာစွာ တည်းခိုနိုင်သော ဟိုတယ်များဖြစ်စေရန် မိမိတို့ ဟိုတယ်များ၏ မြေရာအခင်းအကျင်း ကောင်းမွန်ရေး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး ဝန်ဆောင်မှု ကောင်းမွန်စေရေးတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် (Health & Safety Protocol) နှင့် အညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ခရီးသွားဧည့်သည်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် တည်းခို‌နေထိုင်ခွင့် ပေးခြင်းအပြင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် တည်ဆဲဥပဒေ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဧည့်စာရင်း တိုင်ကြားမှုစနစ် အဆင်ပြေ ချောမွေ့စေရေး ရည်ရွယ်၍ ပြုလုပ်ထားရှိသည့် Hotel Guest List Management System (GLMS) ကိုလည်း လိုက်နာလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိပြီးတဲ့ ဟိုတယ်များအနေနှင့်လည်း မိမိလိုက်နာဆောင်ရွက်လျက်ရှိတဲ့ စည်မျဉ်းစည်းကမ်း လုပ်ငန်းစဉ်များကို ရေရှည်တည်တံ့နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။


ထိုနောက် အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ရှင်းလင်းတင်ပြခဲ့ပြီး သံလွင်ဟိုတယ်၊ ငွေမိုးဟိုတယ်နှင့် Golden River Hotel တို့အား မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက အသိအမှတ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ကောင်းမြတ်ဟိုတယ်နှင့် Royal Mawlamyine Hotel တို့အား လည်းကောင်း လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ရာမညဟိုတယ်နှင့်ဇမ္ဗူကျော်ဟိုတယ်တို့အားလည်းကောင်း အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကာ မွန်ပြည်နယ် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချန်ထွန်း ကကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)