MNP - ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့ရုံး၌ ဒေသခံပြည်သူများသို့ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း အစီအစဉ်ကို အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူစေတနာရှင်အလှုရှင်များ စုပေါင်း၍ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကျွေးမွေးလှူဒါန်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
လှူဒါန်းကျွေးမွေးမှုသို့ ဒေသခံပြည်သူဦးရေ (၁၀၀၀) ကျော် လာရောက်သုံးဆောင်လျက် ရှိကြောင်းသိရှိရပြီး ယနေ့တွင် နတ်သုဒ္ဓါအာဟာရကို စီစဉ်ကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်း၊ အပတ်စဉ် စတုဒိသာလှူဒါန်းကျွေးမွေးမှုများအတွက် စိတ်ပါဝင်စားသူ စေတနာရှင်အလှူရှင်များကိုလည်း ပူးပေါင်းစီစဉ်လှူဒါန်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့မှ ဦးကိုဇော်ကပြောကြားထားကြောင်း သိရှိရသည်။
သတင်း - စိုးမင်းဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment