MNP - ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရန်နှင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်၂၂၅သိန်းဖြင့် မြို့သစ်မြို့ ဘုရားကြီးရပ်ကွက် ဆေးရုံလမ်းလမ်းဘေး ပလက်ဖောင်းပြုလုပ်ခြင်းကို ဇွန်လပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပလက်ဖောင်းသည် အရှည်ပေ(၁၅ဝဝ)ပေ၊ အကျယ်(၄)ပေရှိပြီး ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးအတွက် မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူတို့၏ လူနေမှုဘဝမြင့်မားလာနိုင်ပြီး သွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သတင်း - သန်းဝင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment