ပူးပေါင်းစစ်ဆေးရေးဂိတ်များ၌လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူးပေါင်းစစ်ဆေးရေးဂိတ်များ၌လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်





MNP ၊ ဇူလိုင် ၅

ရှမ်းပြည်နယ်အတွင်း ပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အမြဲတမ်းညှိနှိုင်းတိုင်ပင်ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ယခုပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ပူးပေါင်း စစ်ဆေးရေးအဖွဲ့များသည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့်လက်နက်များကို ဖမ်းမိခဲ့ပါကြောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးသည့်အဖွဲ့များကို ယနေ့ အခမ်းအနားတွင် ဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း အားလုံးပူးပေါင်းဆောင်ရွက်၍ ဖော်ထုတ် ပေးကြရန်နှင့် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူမိပါကြောင်း အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က အမှာစကားပြောကြားပြီး  ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ရွာငံ-ဟန်မြင့်မိုရ် သွားလမ်းပေါ် ကျောက်ဂူပြင် ကျေးရွာအနီးရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ ရပ်စောက်မြို့ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်ရှိ ပူးပေါင်း စစ်ဆေးရေးအဖွဲ့၊ ဟိုပုံးမြို့ရေထွက်နှင့် ၄ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်(၃)စီးအား ဖမ်းဆီးရမိမှုတွင် ပါဝင်ခဲ့သော စစ်ဆေးရေးအဖွဲ့များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က ဂုဏ်ပြုငွေချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)