စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးသွားလာနိုင်ရေး ဝှီးချဲများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးသွားလာနိုင်ရေး ဝှီးချဲများ လှူဒါန်း

 



MNP -  ဇူလိုင်  ၅


စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးခရီးသွားလာနိုင်ရေး စစ်ကိုင်းဒေသ‌ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်အသင်း(စစ်ကိုင်း)မှ ဝှီးချဲများနှင့် ဝင်ထွက်လမ်းများ ပြုပြင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်(၅)ရက်၊ နံနက်ပိုင်းက အဆိုပါဒေသရှိ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပက အဖွဲ့ရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လှူဒါန်းပွဲတွင် သမိုင်းဝင်လေးဌာန ဩဝါဒစရိယဆရာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရိးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးက သာသနာရေးဆိုင်ရာများ လျောက်ထားကာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌက ဝှီးချဲများ လှူဒါန်းပေးရခြင်း၊ ဝင်ထွက်လမ်းများ ပြုပြင်ပေးရခြင်းရည်ရွယ်ချက်များကို လျောက်ထားခဲ့သည်။


ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူဌာနဆိုင်ရာ အကြီးအကဲများက ဆရာတော်များထံ ဝှီးချဲများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဝှီးချဲလမ်းများ ဆောက်လုပ်ထားရှိမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)