MNP - ဇူလိုင် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင၊ မိုးကောင်းမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါ ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစ မှ အသက်(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲ ကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ် အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံခြင်းကို ဇူလိုင်လ(၄)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ (၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် တစ်ရက်(၂)ကြိမ်ဖြင့် မြို့ပေါ်(၁၀)ရပ်ကွက်အား ရပ်ကွက် အလိုက် ဆေးထိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment