ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိသော ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိသော ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်





MNP ဇူလိုင် ၅

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသား ဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ် ဘော်လီဘော အသင်းကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ပြတ်ပြတ်သားသား အနိုင်ရရှိကာ တံခွန်စိုက် ပထမ ဒိုင်းဆုဖလားကြီးကို ရရှိခဲ့သည့် ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတွင် စကားပြောခွင့်ရရှိသည့်အတွက် များစွာအားရမိပါကြောင်း၊ ယနေ့ ကျင်းပသည့်ပွဲသည် ဂုဏ်ပြုချီးမြှင့် ထိုက်သူကို  ဂုဏ်ပြုသည့်ပွဲဖြစ်သည်နှင့်အညီ ကျက်သရေရှိသောပွဲဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရ အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်လက်ခံကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းသည် တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယဆု၊ ၂၀၂၂ ခုနှစ်၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်ပွဲတွင် ပရိသတ်ရှေ့မှောက်၌ ပြိုင်ဖက်အသင်းအား ပြတ်ပြတ်သားသားအနိုင်ရရှိပြီး တံခွန်စိုက် ပထမဆု ဖလားကြီးကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် အထူးပင် ဝမ်းမြောက်မိပါကြောင်း ရှမ်းပြည်နယ်အတွက် ဘော်လီဘောမျိုးဆက်သစ်များကို မွေးထုတ်ရွေးချယ်ပြီး ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးစားကြရန် ပြောကြားသည်။


ဆက်လက်၍ အောင်ပွဲရ ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းမှ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်း အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်တို့မှ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းအား ပထမတံခွန်စိုက်ဆုဖလားအား ပေးအပ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ပွဲရ ရှမ်းပြည်နယ်အမျိုးသား ဘော်လီဘော အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၁၆၀)နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပေးကြသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များတို့ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပြန်လည် ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းအုပ်ချုပ်သူ ဦးဌေးအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)