ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်သက်ကယ် လုပ်ငန်းများ ကြိုတင်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်သက်ကယ် လုပ်ငန်းများ ကြိုတင်လေ့ကျင့်



MNP - ဇူလိုင်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့ လက်သမားရပ် ဦးပါရဲ ဘုရားအနီး မြစ်ဆိပ်ကမ်းတွင် ရေပြင် သက်ကယ်လုပ်ငန်းများ ကြိုတင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ရာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်စခန်း တာဝန်ခံနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မိတ်ဖက်ဌာနများမှ အကြီးအကဲများ၊ လူမူရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)