မိုင်းရယ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်း ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်း ဖွင့်လှစ်သင်ကြားပေး

 


MNP - ဇူလိုင်    ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီး၍  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်းကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် ဝင်းခိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာကြသည့် ကျေးရွာအဆင့် ကော်မတီဝင်များအနေဖြင့် သင်တန်းတွင် သင်ကြားသည့် သင်ခန်းစာများကို လက်တွေ့ နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ကြစေရန် လိုအပ်ကြောင်း မှာကြားသည်။


အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း၊ စီမံချက်ရေးဆွဲနည်း၊ ရန်ပုံငွေသုံးစွဲမှုအစီအစဉ်နှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ဆောင်ရွက်ရမည့် အချက်အလက်များကို စီမံကိန်းတာဝန်ခံဝန်ထမ်းများက (၅)ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာမှ ကျေးရွာအဆင့်ကော်မတီဝင် (၂၁)ဦး တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)