ကလေးဝမြို့ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးဝမြို့ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်




MNP - ဇူလိုင်   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးရာသီအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက လမ်းဘေး‌ ရေ‌‌မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့ အမှတ်-၂ ရပ်ကွက်ရှိ ပင်မရေမြောင်းကြီးအား ရှင်းလင်းခြင်း  ဆောင်ရွက်ခဲ့သည်။


မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဂျေဘီရိုင်းနှင့် စည်ပင်ဝန်ထမ်းများက မိုးရာသီကာလအတွင်း ရေ‌‌မြောင်း များ ပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ကလေးဝမြို့ အမှတ်-၂ ရပ်ကွက်ရှိ ပင်မရေ မြောင်းကြီးအား စက်ယန္တရားများဖြင့် ပိတ်ဆို့စွန့်ပစ်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ရွှံ့နွံများ ရှင်းလင်း ဖယ်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


အဆိုပါ ပင်မရေမြောင်းကြီးသည် အလျား ၂၃၀၀ ပေ၊ အကျယ် ၇ ပေ၊ အနက် ၆ ပေ ရှိပြီး ယနေ့ ပိတ်ဆို့စွန့်ပစ်အမှိုက်များဖယ်ရှား ရှင်းလင်းခြင်း၊ ရွှံ့နွံများ ရှင်းလင်းဖယ်ထုတ်ခြင်းတို့ကို ၇၀၀ ပေအထိ ဆောင်ရွက်မည်ဖြစ်‌ပြီး နောက်နေ့များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။


သတင်း - သက်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)