ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ‌အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ‌အရှိန်အဟုန်မြှင့်ဆောင်ရွက်

 



MNP - ဇူလိုင်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်တွင် အမှတ်(၃)ရပ်ကွက်မှစ၍ အမှတ်(၅) ရပ်ကွက်သို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်မှ အမှတ်(၂)ရပ်ကွက်သို့ လည်းကောင်း၊ ထို့နောက် အမှတ်(၁) ရပ်ကွက်မှ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ကလေး(၃)ဦးနှင့် သံသယလက္ခဏာရှိသူ (၇)ဦး၊ စုစုပေါင်း(၁၀)ဦးအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များက မုန့်နှင့်အချိုရည်များ လှူဒါန်းခဲ့ကြသည်။


အဆိုပါ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။


ယနေ့အထိ ကျောင်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း (၁၀၃)ဦး ထိရှိနေပြီး၊ သေဆုံးသူမရှိပါကြောင်း မြို့နယ်ကျန်းမာရေးဌာနက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)