ငပုတောမြို့၌ စက်သုံးဆီ ရောင်းချသူများအား တရားဝင်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချ မှု ရှိ/မရှိ ခေါ်ယူဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ စက်သုံးဆီ ရောင်းချသူများအား တရားဝင်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချ မှု ရှိ/မရှိ ခေါ်ယူဆွေးနွေး



MNP - ဇူလိုင်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချသူများအား တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ တင်သွင်းရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပူးပေါင်းအဖွဲ့ဖြင့် ခေါ်ယူဆွေးနွေးခဲ့သည်။


အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့က တရားမဝင် စက်သုံးဆီအရောင်းဆိုင်များတွင် ဖြန့်ဖြူး၊ သိုလှောင်မှု ရှိ/မရှိနှင့် ယစ်မျိုးလိုင်စင်ဆိုင်များအား တရားမဝင်တင်သွင်းမှု၊ သိုလှောင် ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ခေါ်ယူ ဆွေးနွေးခဲ့ကြောင်း သိရသည်။       


သတင်း - အောင်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)