ကျောင်းကုန်းမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်



MNP - ဇူလိုင်  ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအနီး ကမ်းနားလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့နံနက်က ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း  သိရသည်။


အဆိုပါ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ  ဦးကျော်စွာလင်းတို့ကြီးကြပ်လျက် မြို့မဈေးအနီး ကမ်းနားလမ်းတလျောက်အား  ရေစီးရေ လာ ကောင်းမွန် စေရေးအတွက် ရေနုတ်မြောင်းတူးဖော်ပေးခဲ့ကြောင်း သိရသည်။


အဓိက ရေမြောင်းပိတ်ဆို့မှုဖြစ်ရတာက အိမ်အဝင်လမ်းတွေကို ရေမြောင်းဖုံးများကို ဖွင့်လို့မရအောင် ကွန်ကရစ်လောင်းထားကြတဲ့အတွက် ရေများပိတ်ဆို့ကာရေမစီးနိုင်တော့တာပါ၊ အိမ်ပိုင်ရှင်များအနေဖြင့် ရေမြောင်းဖုံးများကို စနစ်တကျထားရှိပေကြဖို့လိုကြောင်း၊ ရေစီးရေလာကောင်းမွန်မှ ခြင်ပေါက်ဖွားမှု အန္တရာယ် ကင်းဝေးစေမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြား ခဲ့သည်။


သတင်း- ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)