ကျောက်ဆည်မြို့နယ်တွင် တစ်ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး မနောသုခစပါးမျိုးများ စတင်ပျိုးထောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် တစ်ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး မနောသုခစပါးမျိုးများ စတင်ပျိုးထောင်

 



MNP - ဇူလိုင်   ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် စီမံကိန်းများရေးဆွဲပြီး (၅၂၈၁၇)ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီက စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာ ကွင်းအမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄၉-က) တောင်သူဦးမျိုးမြင့်ပိုင်ဆိုင်သော လယ်မြေ(၁၂)ဧကတွင် တစ် ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး စပါးတစ်ဧက တစ်တင်းနှုန်းအသုံးပြုပြီး သိပ္ပံနည်းကျစနစ်ဖြင့် စပါးမျိုးများ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။


တစ်ဧက စပါးတင်း(၁၀၀)ထွက်ရှိရေး စပါးမျိုးများပျိုးထောင်ရာတွင် သိပ္ပံနည်းကျဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းဖြစ်ကြောင်းနှင့် ပျိုးသက်(၂၅)ရက်နှင့်(၃၀)ရက်အတွင်း ပြောင်းရွှေ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးရာတွင် တန်းကြား(၈)လက်မ၊ ပင်ကြား (၆)လက်မဖြင့် စိုက်ပျိုးပြီး အပင် သက်တမ်း(၁၅)ရက်တွင် ပထမအကြိမ်ရေသွင်းခြင်း၊ ပေါင်းလိုက်ခြင်း၊ သမန်းနိုးခြင်း၊ ပျောက်ဆုံး ကောက်ပင်များပြန်လည် စိုက်ခြင်းနှင့် ကွန်ပေါင်းမြေဩဇာအိတ်တစ်ဝက်၊ ပုလဲမြေဩဇာအိတ်တစ်ဝက် ရောစပ်ပက်ကျဲသွားမည်ဖြစ် ကြောင်းနှင့် အပင်သက်တမ်း(၄၅)ရက်တွင် ဒုတိယအကြိမ်ရေသွင်းခြင်း၊ ပုလဲမြေဩဇာ အိတ်တစ်ဝက် ပတ်ကျဲခြင်း၊ ပေါင်းလိုက်ခြင်းများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပင်သက်တမ်း (၆၅)ရက် သန္ဓေကပ်ချိန်တွင် ပုလဲမြေဩဇာအိတ်တစ်ဝက်နှင့် ပိုတက် မြေဩ ဇာအတ်တစ်ဝက်တို့ ရောစပ်ပက်ကျဲခြင်းများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အပင်သက် တမ်း(၁၀၅)ရက်တွင် ပုလဲမြေဩဇာ (၄)ပြည် ကျဲပက်သွားမည်ဖြစ်ကာ အပင်သက်တမ်း(၁၃၅)ရက် ကျော်လွန်ပါက စပါးများ စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနောနှင့် ဆင်းသုခစပါးမျိုးများ အဓိကစိုက်ပျိုး ကြပြီး ဧရာမင်း(၄၁၀၀၀)ဧက၊ မနောသုခ(၈၀၀၀)၊ ရွှေမနော်(၃၀၀၀)ဧက၊ ဆင်းသုခ(၈၁၇)ဧက စုစုပေါင်း(၅၂၈၁၇)ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)