မိတ္ထီလာမြို့နယ် မွေကျေးရွာ အထက(ခွဲ)၌ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ် မွေကျေးရွာ အထက(ခွဲ)၌ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ



MNP - ဇူလိုင်   ၂၃


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂ဝ၂၂ ခုနှစ်မိုးရာသီ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်က မွေကျေးရွာ အထက(ခွဲ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အရိပ်ရတမာပင်များ စုပေါင်းစိုက်ပျိုးပွဲတွင် မွေကျေးရွာ အထက(ခွဲ) ကျောင်းဝန်းအတွင်း၌ အပင်  အရွယ်အစား ၂ ပေအမြင့်ရှိသော အရိပ်ရတမာပင်ပျိုးပင် ၁ဝဝဝ ပင်အား ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း(၁)၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ကျောင်းအုပ်နှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ကျေးရွာဒေသခံ ပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)