မိုင်းယောင်း၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေး

 


MNP - ဇူလိုင်   ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ၌ ကျင်းပသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သီးနှံများအထွက်နှုန်းသာမက အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် မြေအမျိုးအစားအလိုက် မြေချဉ်ငန်ကိန်းလွန်ကဲမှုများအား ပြုပြင်နည်းများ၊ စိုက်ပျိုးမည့်သီးနှံအလိုက် ကုန်ကျစရိတ်နည်းနည်းနှင့် ထိရောက်သည့် အာဟာရဓာတ် ထည့်သွင်းရမည့်နှုန်းထားများ၊ မိုးစပါး/နွေစပါး သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မျိုးကွဲအလိုက် သက်တမ်းပေါ်မူတည်၍ ယူရီးယား၊ ဖော့စဖိတ်နှင့် ပိုတက်ဓာတ်မြေဩဇာထည့်သွင်းရမည့်အချိန်၊ နှုန်းထားနှင့် စနစ်တကျသုံးစွဲနည်းများ၊ စပါးပင်သက်တမ်းအလိုက် ရေလိုအပ်မှုအခြေအနေနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသိပညာပေးဆွေးနွေးခဲ့သည်။


ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းက ကျေးလက်ဒေသများရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ဒေသခံပြည်သူအများစုအတွက် လယ်ယာသန်းခေါင်စာရင်း အချက်အလက်များသည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း စသည့်မြို့နယ်အတွင်း လယ်ယာမြေသန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)