ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဂိုးလတ် ဘောလုံးပြိုင်ပွဲ‌ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဂိုးလတ် ဘောလုံးပြိုင်ပွဲ‌ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရေဖြူမြို့ နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသမီးဂိုးလတ် ဘောလုံးပြိုင်ပွဲ‌ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီကကျင်းပခဲ့သည်။


ဗိုလ်လုပြိုင်ပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့်   အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းအသင်းတို့မှ ယှဉ်ပြိုင်ကစားကြရာ  ကလိန်အောင်မြို့ အခြေခံ ပညာအထက်တန်း ကျောင်းမှ ၂-၀ ဖြင့် အနိုင်ရရှိဗိုလ်ဆွဲခဲ့သည်။


 ထို့နောက် ဆုပေးပွဲကျင်းပရာ ဒုတိယဆုရရှိသည့် အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း အသင်းအား တစ်ဦးချင်းစီ လည်ဆွဲဆုတံဆိပ်များကို ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး လှနောင်ကလည်းကောင်း၊ ငွေသားဆုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက လည်း ကောင်း၊ ပထမဆုရရှိသည့် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းစီ လည်ဆွဲဆုတံဆိပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကိုက လည်းကောင်း၊ ငွေသားဆုကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က လည်းကောင်း၊ ပထမဆု တံခွန်စိုက်ဒိုင်းကို ရေဖြူမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇင်လင်းနိုင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး လှနောင်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ ရေဖြူမြိုနယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဖြူသီထွဏ်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ များနှင့် အားကစားဝါသနာရှင်များ တက်ရောက်‌အားပေးခဲ့ကြကြောင်း သိရသည်။အဆိုပါ ဘောလုံးပြိုင်ပွဲ ကို ဇူလိုင်၂၀ ရက်‌နေ့မှ ၂၂ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)