ကံမမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 


MNP - ဇူလိုင်   ၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း  စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂-ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက အလယ်ချောင်းကျေးရွာအုပ်စု     ပုသိမ်-မုံရွာ ကားလမ်း   မိုင်တိုင်အမှတ် ၁၄၆/၁ အနီး မဒေးကြိုးပြင် ခုတ်ကွက် အမှတ်(၁၀၂)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်  အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ  ပူးပေါင်းပါဝင်၍ ကျွန်းပျိုးပင်အပင် (၁၀၀၀)အား စိုက်ပျိုးခဲ့ကြသည်။ ထိုသို့စိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန်သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စုပေါင်း စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - ကျော်ဇေယျဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)