မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ





MNP - ဇူလိုင်   ၁၁


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား)မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၁၁ နာရီအချိန်က လှိုင်သာယာပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။


မလှိုင်မြို့နယ်တွင် ဌာနဆိုင်ရာရုံး(၃၂)ရုံးဖွင့်လှစ်ထားရှိပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုယ်ကာယကြံ့ခိုင်မှုရှိပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ရှိစေခြင်း၊ အားကစားစိတ်ဓါတ်အား တန်ဖိုးထားတက်စေခြင်း၊ ပြည်သူများ စံနမူနာပြုသော နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေခြင်း ရည်ရွယ်ချက်များဖြင့် ဌာနပေါင်းစုံ အသင်း(၁၀)သင်းမှ (၉.၇.၂၀၂၂) ရက်နေ့မှ(၁၁.၇.၂၀၂၂)ရက်နေ့အထိ ယှဉ်ပြိုင်ကစားပြီးနောက် ပထမဆုရရှိသော ပညာရေး မိသားစု(က)အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တံခွန်စိုက်ဖလား၊ ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်းနှင့် ဂုဏ်ပြုကတ်ပြားတို့အား လည်းကောင်း၊ ဒုတိယဆုရရှိသော ပညာရေးမိသားစု(ခ)အသင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးဌေးသန်းကဂုဏ်ပြုငွေဆုငွေကျပ် (၁)သိန်းခွဲ နှင့် ဂုဏ်ပြုကတ်ပြားတို့အားလည်းကောင်း၊ တတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းဟန်တို့က ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းနှင့် ဂုဏ်ပြုကတ်ပြားတို့အားလည်းကောင်း နှစ်သိမ့်ဆုရရှိသော အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ပေါင်းအဖွဲ့အား အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းနှင့် မြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်သန်းအေးတို့က ဂုဏ်ပြုဆုငွေကျပ်(၅)သောင်းတို့အား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)