ကျိုင်းတုံမြို့၌ တောင်တန်းသာ သနာပြုရဟန်းတော်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆား နှင့် စားသာကုန်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ တောင်တန်းသာ သနာပြုရဟန်းတော်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆား နှင့် စားသာကုန်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ



MNP - ဇူလိုင်  ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်း၏ (ဆဋ္ဌမအကြိမ်)တောင်တန်းသာသနာပြု ရဟန်းတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က ရပ်တော်မူထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် ဧည့်ပရိတ်သတ်များက ကျိုင်းတုံမြို့၊ ရပ်တော်မူထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ကျိုင်းတုံမြို့၊ တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်းမှ ကျိုင်းတုံမြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း (၃၆)ကျောင်းရှိ တောင်တန်းသာသနာပြု ရဟန်းတော်များအား ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)