အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 




MNP - ဇူလိုင်   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အနန္တဂုဏ်ရည်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သာမဏေများ ဆွမ်းဆန်တော် ခက်ခဲမှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်ကပ်လှူဒါန်းသည့် ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ အနန္တဂုဏ်ရည် ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။


ကျင်းပရာတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်၊ သံဃာ့နာယကဆရာတော်(၉)ပါးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် ဆရာတော်များထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကြပြီးနောက် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)